မျက်လုံးက ဖျစ်ညစ်မှိတ်ထား ရတယ်
အလိုက်မသိတဲ့ နား ပိတ်ထားလို့မရဘူး
ဆ ...Read More
ဖော်ပြပါသတင်းဌာနအမည်များကိုနှိပ်ပြီးသွားရောက်ဖတ်ရှုနိုင်ပါတယ်။
ဧ ...Read More
သေချာနေပြီ
သေချာနေခဲ့ပြီ
ဒါဟာ သေချာနေခဲ့တာ
ဆယ်စုနှစ် ငါးခု ရှိခဲ့ ...Read More
Today is the 2nd anniversary of the founding of Generation Wave. We are reporting to all people
what we’ve done and what we’ve lost in the last two years and what we will do in the future. Please see the attached file detailing the activities of our organization.
နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသော Generation Wave အဖွဲ့ဝင်များကို ဝေးလံသောဒေသများရှိ ထောင်များသို့ ယနေ့ပြောင်းရွှေ့နေရာ ချထားလိုက်သည်။ ၄င်းတို့မှာ ကိုဇေယျာသော်ကို ကော့သောင်းထောင်၊ ကိုအောင်ဇေဖြိုးကို တောင်ငူထောင်၊ ကိုသီဟ၀င်းတင်ကို ညောင်ဦးထောင်နှင့် ကိုအာကာဗိုလ်ကို ကျောက်ဖြူထောင်သို့ အသီးသီးပြောင်းရွှေ့လိုက်သည်။ ယနေ့ ဒီဇင်ဘာလ ၄ရက်နေ့တွင် ကျန်ရှိသော GW အဖွဲ့ဝင်၂ဦးကိုလဲ ပြောင်းရွှေ့အကျဉ်းချလိုက်သည်။ အဖွဲ့ဝင်တဦးဖြစ်သော ကိုဝေလွင်မျိုးကို မိုင်းဆတ်ထောင်သို့ ပြောင်းရွှေ့လိုက်ပြီး၊ ကိုရန်နိုင်သူကို ကျောက်ဖြူထောင်သို့ ပြောင်းရွှေ့လိုက်သည်။
မျက်လုံးက ဖျစ်ညစ်မှိတ်ထား ရတယ်
အလိုက်မသိတဲ့ နား ပိတ်ထားလို့မရဘူး
ဆိုင်ကယ်သံ တဒုတ်ဒုတ်မှာ
ယုန်သူငယ်လို ရင်ခွင်ငလျင် တလှုပ်လှုပ်
ငုတ်တုတ်မိုးလင်းရပေါင်းမနည်းတော့ဘူး။
တသက်လုံး လိမ္မာခဲ့တဲ့မေမေ့သားကြီး
ခုတော့ မမိုက်မဲပါပဲ ဖယ်ကျဉ်ခံရ
သံသယဟာ အသက်ရှုသံလို
လူနဲ့ တသားတည်းလူးလားခတ်လို့။
ဖေဖေပြောဖူးတဲ့ သူရဲကောင်းပုံပြင်တွေ
လူတွေက နားထောင်လို့မကောင်းတော့ဘူးတဲ့
ပြောင်းသွားလား ဟောင်းသွားလား မသိပေမယ့်
ခေတ်က ညောင်းနေတာတော့ သေချာတယ်
ခြေခင်းလက်ခင်းဆန့်ဖို့လေးတောင်
မိုးလေ၀သမကောင်းခဲ့ဘူးလေ။
ဘာတွေဖြစ်ဖြစ်ပါလေ
တခါတလေ ညစ်လို့ထွက်တဲ့စကားပါ
အဖေ့သား အားမပျော့ပါဘူးဗျ
အမေ့သား ဇွဲမလျော့ပါဘူးဗျ
ထုတ်ရွယ်ပြီးသား အိပ်မက်ဓါး
သွေးမသောက်ရပဲ အိမ်ပြန်မလာဘူး စိတ်ချထား။ ။