Gw press Release 14th Oct 2008
Please click here to see the attach file
Hidden City Night
မျက်လုံးက ဖျစ်ညစ်မှိတ်ထား ရတယ် အလိုက်မသိတဲ့ နား ပိတ်ထားလို့မရဘူး ဆိုင်ကယ်သံ တဒုတ်ဒုတ်မှာ ယုန်သူငယ်လို ရင်ခွင်ငလျင် တလှုပ်လှုပ် ငုတ်တုတ်မိုးလ...
GW’s arrested member, ko kyaw oo, in the news
ဖော်ပြပါ သတင်းဌာန အမည်များကို နှိပ်ပြီး သွားရောက် ဖတ်ရှုနိုင်ပါတယ်။ ဧရာဝတီ ရိုးမ၃ RFA DVB

Hidden City Night

Posted By: editor on October 6, 2008 in All, Poem - Comments: No Comments »

မျက်လုံးက ဖျစ်ညစ်မှိတ်ထား ရတယ်
အလိုက်မသိတဲ့ နား ပိတ်ထားလို့မရဘူး
ဆိုင်ကယ်သံ တဒုတ်ဒုတ်မှာ
ယုန်သူငယ်လို ရင်ခွင်ငလျင် တလှုပ်လှုပ်
ငုတ်တုတ်မိုးလင်းရပေါင်းမနည်းတော့ဘူး။

တသက်လုံး လိမ္မာခဲ့တဲ့မေမေ့သားကြီး
ခုတော့ မမိုက်မဲပါပဲ ဖယ်ကျဉ်ခံရ
သံသယဟာ အသက်ရှုသံလို
လူနဲ့ တသားတည်းလူးလားခတ်လို့။

ဖေဖေပြောဖူးတဲ့ သူရဲကောင်းပုံပြင်တွေ
လူတွေက နားထောင်လို့မကောင်းတော့ဘူးတဲ့
ပြောင်းသွားလား ဟောင်းသွားလား မသိပေမယ့်
ခေတ်က ညောင်းနေတာတော့ သေချာတယ်
ခြေခင်းလက်ခင်းဆန့်ဖို့လေးတောင်
မိုးလေ၀သမကောင်းခဲ့ဘူးလေ။

ဘာတွေဖြစ်ဖြစ်ပါလေ
တခါတလေ ညစ်လို့ထွက်တဲ့စကားပါ
အဖေ့သား အားမပျော့ပါဘူးဗျ
အမေ့သား ဇွဲမလျော့ပါဘူးဗျ
ထုတ်ရွယ်ပြီးသား အိပ်မက်ဓါး
သွေးမသောက်ရပဲ အိမ်ပြန်မလာဘူး စိတ်ချထား။ ။

မိုဃ်းသွေး

Generation Wave

Heros in New Century

Posted By: editor on September 3, 2008 in All, Poem - Comments: No Comments »

ရာစုသစ်ရဲ့ သူရဲကောင်းတွေ

သွေးကြောင်ပြီး ဘေးမရှောင်ဘူး
ခွေးဟောင်လို့လည်း ထွတ်ပြေးမယ်မထင်နဲ့
ဆက်ရေးတယ်… ငါတို့သမိုင်းကို … ဆက်ရေးမယ်
အကွေးမခံဘူး အဆွေးမခံဘူး…
အာဏာရှင်ရဲ့ နားရွက်တံတွေးတက်ဆွတ်ဖို့ မတွန့်ခဲ့ဘူး
ဒီလိုငါတို့ ရူးသွပ်ပစ်ခဲ့
ငါတို့နေတဲ့ ငါတို့မြေအတွက်
ရူးသွပ်ခဲ့ ရူးသွပ်ပစ်ခဲ့…..
ငါတို့လွတ်မြောက်ဖို့အတွက်
ရူးရူးမူးမူးကို ရူးသွပ်ခဲ့ကြ
ငါတို့ဘ၀ကို ငါတို့ချစ်ခဲ့ကြပေတယ်
ငါတို့မြေအတွက် ငါတို့ကြေမွပစေပေါ့
တို့ဘ၀တွေကို ဒီလိုရင်းပစ်လိုက်တယ်
လာကြစမ်း… လာထားကြစမ်း….

Savior

Posted By: editor on July 19, 2008 in All, Poem - Comments: No Comments »

သေချာနေပြီ
သေချာနေခဲ့ပြီ
ဒါဟာ သေချာနေခဲ့တာ
ဆယ်စုနှစ် ငါးခု ရှိခဲ့ပြီ
ငါတို့ အမှောင်ကျနေခဲ့တာ
ငါတို့ အားလုံးထောင်ကျနေရတာ
မရေရာမူတွေထဲမှာပဲ သေချာနေခဲ့ပါပြီ။
ဘဝတွေ ကျိုးကြေ ဖရိုဖရဲ
ငါတို့ နေ့စွဲတွေလည်း အပြိုပြိုအလဲလဲပေါ့။
တခါလောက်တော့ ခေါင်းမော့ချင်မိပါရဲ့
ငါဟဲ့ မြန်မာ… ငါတို့ မြန်မာလို့လေ
အနိစ္စ မတည်မြဲခြင်းဆိုတာလည်း
ဘာကြောင့်များ ခုချိန်ထိ ငါတို့တွေအတွက် မမှန်သေးတာလဲ
ကံကြမ္မာက ရွဲလွန်းတယ်ကွာ
ငါတို့လဲ လူတွေပါ
အစာတော့ဝဝ စားချင်တာသေးပေါ
ပရော်ဖက်ဆာ အိပ်မက်မက်ချင်သေးတာပေါ့
ကမ္ဘာ့အဆင့်ထိတက် မတ်မတ်ရပ်ပြချင်သေးတာပေါ့
ငါတို့က ဘာမှားနေလို့လဲ
ငါတို့တွေလေ မွေးကတည်းက
ဘာများ ချို့ယွင်းခဲ့ကြလို့လဲ
ဘယ်သူ့ကိုများ ငါတို့ ထိခိုက်ပစ်မှားခဲ့လို့လဲ
ငါတို့ကို လှောင်ပိတ်ထားရတာတဲ့လဲ။
ဟောဒီမှာ…
ဆန္ဒတွေ သေဆုံး
အနာဂတ်တွေ တိမ်ဖုံး
ငါတို့ မျက်လုံးတွေ
ရောင်နီကို မျှော်နေရလွန်းလို့
နီကျင်ဝေမွဲ
ရီချင်စိတ်လည်း မရှိတော့တာ
ငါမှတ်မိသလောက်ဆို
မမှတ်မိနိုင်အောင် ကြာညောင်းခဲ့။
တကယ်ဆို ဘယ်သူ့ကိုမှ မမုန်းတတ်တဲ့
အပြုံးသက်သက် ဝေချင်ခဲ့သူတွေပါ
ငါတို့ ခေတ်ကျမှ
သေနတ်ပြောင်းတွေက ဇာတ်ရှည်လွန်းတယ်
ရတက်အပေါင်းပွေရ ခက်လေလွန်းတယ်။
ဘယ်သူကယ်မှ လွတ်မြောက်ရလေမလဲ
ကောက်ချက်ချဆွဲလိုက်တော့
အဲ့ဒီကောင်… အဲ့ဒီကောင်လေ
မသိယောင်ဆောင်လို့ မျက်နှာလွှဲထား
ကြည့်မှန်ထဲကငနဲကို ဘွားခနဲတွေ့ လိုက်တယ်။

မိုဃ်းသွေး

Thumb Up!

Post Date

September 2010
M T W T F S S
« Aug    
 12345
6789101112
13141516171819
20212223242526
27282930